အိပ်မက်တွေကို ဝေငှလို့
လရောင်ကို အတူသောက်သုံးလို့
နေပူကို အတူတူမျှခံလို့
လောကကောင်းကင်ထဲ ….မခွဲစတမ်းပါ
ကြိုးကြာငှက်တွေလို အုပ်စုဖွဲ့ပျံသန်းနေကြတယ် ၊၊
အဖေဆိုတာ ဓူဝံကြယ်လိုလမ်းပြလို့
အမေဆိုတာ သောက်ရှူးကြယ်လိုရွှန်းပလို့
သားသမီးဆိုတာ ကြယ်မှုန်ကြယ်မွှားလေးတွေလိုပါပဲ
(တလက်လက်လင်းတောက်လို့ )
လောကလေဆန်ထဲမှာ……….
တစ်ယောက်နှလုံးသားကို တစ်ယောက်ပွေ့ထွေးထားကြ …၊၊
မိသားစုဆိုတဲ့ကဗျာတစ်ပုဒ်ဟာ…
နှလုံးသားကို အန်ထုတ်ပြီး ရေးဖြစ်သွားတယ် ၊၊
မောင်ရေချမ်း
အကြွေစေ့သုံး တယ်လီဖုန်း
8 years ago
1 comments:
မိသားစုဆိုတဲ့အဓိပ္ပါယ်ကို တင်စားသွားတဲ့အရမ်းကောင်းတဲ့ကဗျာလေးပါပဲ။ :)
Post a Comment