တိမ်လွှာပွင့်ထပ် အိပ်မက်ရွေ့လျား
ခံစားမြင့်သစ် အချစ်ဖြစ်လာ
ဝေဆာမွေးဖွား နေ့များညများ
သူ့ထံပါးသို့ ၊၊
ဝတ်ရည်မွှေးမြ ထိရှရင်တွင်း
ချဉ်းနင်းဝင်ရောက် ဖြိုးမောက်လျှံပြည့်
မြူမှုန်ငွေ့လို ဝေ့ဝေ့သိုင်းရစ်
ခံစားဖြစ်လာ သူ့ကိုသာတည့် ၊၊
နှလုံးလိပ်ပြာ လူးလာဝိုက်ဝဲ
အိပ်မက်ထဲမှာ သူ့ကိုရှာမိ
လောင်ဆာမွတ်သိပ် သူ့အရိပ်ကို
သိမ်းထားလိုမိ ချစ်၏ချစ်၏
ငါ ချစ် မိ ၊၊
မောင်ရေချမ်း
အကြွေစေ့သုံး တယ်လီဖုန်း
8 years ago
2 comments:
အရမ်းကောင်းတဲ့ကဗျာလေးပါ ကိုရေချမ်း.... အားပေးသွားပါတယ် ။
ကျနော်လဲ အားပေးသွားပါတယ်
Post a Comment