ဘ၀တွေက လောကကောင်းကင်ထဲမှာ
တိမ်တွေလို မျောလွင့်နေကြ
တချို့တိမ်တိုက်တွေက ဂျင်းဘောင်းဘီကျပ်ကျပ်တွေဝတ်လို့
တချို့တိမ်တိုက်တွေက နှုတ်ခမ်းနီရဲရဲဆိုးလို့
သူတို့ကိုယ်သူတို့ လှအောင်ဖန်တီးနေပုံများ
ရင်သပ်ရှုမောသွားလောက်ရဲ့ ၊၊
တချို့တိမ်တိုက်တွေက ညိုပုစ်ပုစ် ညစ်လို့
တချို့တိမ်တိုက်တွေက အစားကောင်းတွေစားပြီးဝဖြီးနေကြ
တချို့များတော့ အင်္ကျီဗလာနဲ့အရိုးပြိုင်းပြိုင်းထနေကြ
သြော်...ကောင်းကင်တစ်ခုတည်းအောက်မှာတောင် မတူကြပုံများ
တရားရသွားလောက်ရဲ့.. ၊၊
ဘာပဲဖြစ်ဖြစ်လေ
လွင့်ပြယ်ပျောက်ကွယ်ကြဦးမှာမို့ မျောလွင့်နေချိန်ဟာ
ခဏတာပေါ့ကွယ်..... ၊၊ ၊၊
မောင်ရေချမ်း
အကြွေစေ့သုံး တယ်လီဖုန်း
8 years ago
1 comments:
ကဗျာလေးအားပေးသွားတယ်
Post a Comment