Pages

Tuesday, October 4, 2011

သူမနှင့် မျှော်လင့်ခြင်းအလင်းတန်းများ



သူမနှင့် မျှော်လင့်ခြင်းအလင်းတန်းများ

နံနက်ခင်းရဲ့နေခြည်
သူမအပေါ် ဖြာဆင်းနေပုံက
ဒရမ်သံ..ခပ်ကြမ်းကြမ်းကို
ဖောက်ခွဲတီးခတ်ရသလိုမျိုး
ကမ္ဘာမြေကို တုန်ဟီးမိန်းမောစေတယ်

အကြည့်တစ်ချက်...
အဲဒီ အကြည့်လေးတစ်ချက်နဲ့
ဆိတ်ဖလူးပန်းရနံ့တွေသင်းဝေခဲ့
မျှော်လင့်ခြင်းအလင်းတွေ
လင်းဝေဖြာခဲ့
သူမ ဆံနွယ်ခက်ကလေးတွေ
ကျွန်တော့်ရင်ထဲ..ညို့ညို့ဝေေ၀

မျက်ဝန်းကလေးတွေ ၀င့်လက်သောတခဏ
လှုပ်ခတ်တုန်ခါသံများ (အိုး ) ရင်ထဲအထိအောင်
အေးခဲသောရေကြည်များနွေးစေ
အခါခါလည်း...ပင့်သက်ဝေ
ကျွန်တော့်အကြောင်းများလည်း
...(သူ)...တွေးနေစေ....

သက်တန့်ချို
၎ ၊ ၁၀ ၊ ၂၀၁၀

1 comments:

Anonymous said...

မျက်ဝန်းကလေးတွေ ၀င့်လက်သောတခဏ
လှုပ်ခတ်တုန်ခါသံများ (အိုး ) ရင်ထဲအထိအောင်.....
တိုးဝင်လိုက်ပုံများ....:)

Post a Comment