Pages

Tuesday, August 30, 2011

ရင်နှင့်ယက်လုပ်သော...အတွေးစများ

ရင်နှင့်ယက်လုပ်သော...အတွေးစများ




ရင်ခွင်တံခါးတစ်ချပ်
နှလုံးသွေးတွေတစက်စက်နဲ့
“ ဖျက်ကနဲ ” လင်းသွားသလိုမျိုး
တကယ့်ကိုခဏလေးပါပဲ...
ငါ့....ဗီးနပ်စ် နဲ့အနောက်တိုင်းဂီတ
ကချေသည်...ဆံနွယ်တွေဝဲခါသွားပုံက
ဓါသွားထက်ထက် ၀င်းလက်သွားသလိုမျိုး

ဆောင်းနှင်းခြွေသံ..
ရင်ခွင်ခပ်ရိုင်းရိုင်းဆီက..ပြိုလဲအောင်ညည်းသံတချို့...
ဒီကဗျာက..အနားသတ်ကအစ
ဝံပုလွေဆန်တယ်
ရန်ကုန်...ခပ်ပါးပါး မြင်ကွင်းအချို့ဆီ
တိုးတိုးတိတ်တိတ် ကောက်ကြောင်းတွေ
အထက်ပါအားလုံး
၂၅၀၀ တန်တယ်

ရေးချင်တာရေးကြ
လူတွေရဲ့ အဘိဓမ္မာအချို့မှာ
နိဒါန်းတခြား စာကိုယ်တခြား
လွဲမှားပုံက အထက်တန်းဆန်ဆန်
အောက်ဈေးဘယ်လောက်ရှိလဲ ခင်ဗျားသိလား ?
အဲဒါကိုက ခပ်စုတ်စုတ်အမှန်တရားပဲ

တော်စမ်းပါကိုယ့်လူရယ်
ခင်ဗျားရဲ့ပါးစပ်က ဟိုက်ဒရိုဂျင်တွေချည်းပဲ
ရှက်တတ်ရင် ခပ်ပါးပါးသာပုတ်လိုက်
အားလုံးကကောင်းချီးပေးကြလိမ့်မယ်
အဲဒီကဗျာ ပေါက်လွတ်ပဲစားဆန်တယ်လို့
ခင်ဗျားကိုဘယ်သူပြောလဲ ?
ကိုယ့်သမိုင်းကိုယ်တော့ မှန်ကြတာချည်းပဲ

မိုး..မိုး...မိုး ဖားအော်သံအချို့နဲ့
လူတွေရဲ့အမှန်တရားကို လစ်လှူရှုတယ်
ငါ့ငွေ...ငါ့အိမ်...ငါ့ကား...ငါ့ပညာ
သေသာသေသွားတယ်
ခေါင်းလောင်းသံမမြည်ဘူး

သက်တန့်ချို