Pages

Sunday, October 2, 2011

အလင်းပြာ ... တစ်ည

အလင်းပြာ ... တစ်ည

မာယာတို့တေးသွား

အလင်းပြာပြာတစ်ည

ဒီတခဏတော့

ငါ...မှိုင်းညို့ အေးခဲနေချင်သေးတယ်


ဟိုးအဝေးမှာ...နှင်းတွေ...နှ င်းေ တွ . . . .

တဖျောဖျော....တသောသော

ငါ့ရင်ထဲ...ဘောင်ဘင်ခတ်လို့

ညဟာ...ပြာရီလွမ်းဆွတ်ဖွယ်ကောင်းတယ်


မျှော်လင့်ချက်တချို့ကို ပျိုး

အစွဲအလမ်းကိုထုပ်ပိုးလို့

ငါ...နှင်ခဲ့တဲ့ခရီးတလျှောက်

ကျပျောက်ခဲ့ရတဲ့..မာနတွေကလည်းအများသား


သေနတ်သံကြားမှ

ရင်အုံမှာ ဆူးကနဲဖြစ်သွားမှန်းသတိထားမိတယ်

ချစ်သူရယ်...

နင်လိမ်းကျံတဲ့ သနပ်ခါးရည်ပါးပါးမှာ

ငါဖော်မထုတ်နိုင်တဲ့

အလင်္ကာလှလှ..လေးတွေရှိနေသေးတယ်

(အချိန်ရရင်တော့)

ကဗျာတစ်ပုဒ်လောက်ထပ်ရေးချင်ရဲ့


မတွေ့ဆုံနိုင်တဲ့ဆွေးမြေ့နေ့ရက်တွေမှာ

နွေ...မိုး...ဆောင်း . . . . . . .

အကြောင်း သုံးပါးစလုံးက

ကဝေဆန်စွာ ပြုံးရီနေကြတယ် . . . .

အဘယ်သို့သော..ကျိန်စာမိုးရေတွေစိုစွတ်ခဲ့လို့

ငါတို့..ဝေးကွာနေခဲ့ရသလဲ ?


နင်..တစ်ခုတော့မမေ့ပါနဲ့ချစ်သူရယ်

ဇင်ယော်ငှက်လေးတွေဝဲပျံတိုင်း

လေညှင်းကလေးတွေတိုးဝှေ့တိုင်း

သံစဉ်လေးတွေညည်းတွားတိုင်း

ပင်လယ်သံတွေ ကြားရတိုင်း

. . . . . . . . . . . . . . . . .

သဲသောင်ပြင်ဖြူလွှလွှပေါ်

ချစ်သူနာမည်ကိုထွင်းရေး

ကိုယ့်အသဲပေါ်ဓါးနဲ့ပြန်စိုက်

ခပ်မိုက်မိုက် ကဗျာဆရာဆရာတစ်ယောက်ရှိခဲ့ဖူးတယ်ဆိုတာ

. . . . . . .

. . . . .

. . .

လွ မ်းေ န ခွ င့်

ေ အာ က် တို ဘာ ၁ ရ က်ေ န့ 

1 comments:

Anonymous said...

မျှော်လင့်ချက်တချို့ကို ပျိုး

အစွဲအလမ်းကိုထုပ်ပိုးလို့

ငါ...နှင်ခဲ့တဲ့ခရီးတလျှောက်

ကျပျောက်ခဲ့ရတဲ့..မာနတွေကလည်းအများသား.......
ကဗျာလေးကြိုက်ပါတယ်.. :)

Post a Comment