Pages

Tuesday, November 1, 2011

နင် . . . . ငါ့ကိုထားခဲ့တယ်

နင် . . . . ငါ့ကိုထားခဲ့တယ်


ခေါင်းစဉ်ကြည့်ယုံနဲ့

ငါဘယ်လောက်ခါးသက်နေခဲ့သလဲ

.................

ဟုတ်တယ်.. နင်ငါ့ကိုထားခဲ့တယ်

ဓါးတွေဖြန့်ခင်းထားတဲ့ ကန္တာရ အလယ်

ဆူးတွေ ကာရံထားတဲ့ လွင်ပြင်အလယ်

နှင်းတွေသိပ်သည်းနေတဲ့ ဆောင်းဥတုအလယ်

မိုးတွေ စိုစွတ်နေတဲ့ အုံ့မှိုင်းမှိုင်း သွေးပျက်ဖွယ်နေ့ အလယ်

ဟုတ်တယ်.. နင်ငါ့ကိုထားခဲ့တယ်


ငါက ... အရူးတပိုင်းပါပဲ

ဆာလောင်မွတ်သိပ်ခဲ့ရသော အာဟာရများပျောက်ဆုံးခဲ့ရ

အချိန်နာရီများ အဓိပ္ပါယ်မဲ့ခဲ့ရ

ဘယ်လိုဆို့နင့်မှုမျိုးတွေကများ

ငါ့ရဲ့ သတိတရရှိခြင်းတွေကို ပြေပျောက်စေနိုင်ခဲ့မလဲ

နင်ကတော့...ငါ့ကိုထားခဲ့တယ်

ငါ မမေ့နိုင်သေးဘူး ချစ်သူရယ်

ထိုသို့သောအမှတ်တရပေါင်းများစွာဖြင့်

အထီးကျန်အိပ်မက်တို့ ဆွံအစေခဲ့

အချစ်ဆိုတဲ့ ဘာသာရပ်မှာ . . . ငါကလည်း

ကွက်လပ်ပေါင်းများစွာ ဖြည့်ဆည်းဖို့မစွမ်းနိုင်ခဲ့သူ

ငါ .. နေပျော်ပါတယ်ချစ်သူ

နင်ထားခဲ့သော အထီးကျန် အစိတ်အပိုင်း အခိုက်အတန့်တို့

လှိုင်းထန်သော မိုးသည်းမုန်တိုင်းတို့လည်းရိုက်ခတ်ခဲ့

အိုး...........ဝေးလွင့်

ငါ . . .

ဆွံ့ အေ န ခဲ့ ရ


နင် ပျော်နိုင်ပါ့မလားချစ်သူ

ငါ့ကိုထားပြီးသွားရမယ့်ခရီးမှာ

ပန်းတို့ အတိပြီးပါစေသား

စမ်းတို့အတိ စီးပါစေသား

အလွမ်းတို့ အတိ ဝေးပါစေသား

. . . . . . . . . . . . . . . . .. . .

လေညှင်းတို့လည်း တိုက်ခတ်

နင့်ဆံနွယ်ခတ်ကလေးတွေ ၀ဲဖွာလွှင့်ပျံ့နေဆဲ

ငါက ငေးကြည့်နေယုံသာ တတ်နိုင်ခဲ့သူ


ဘယ်တော့များမှ စဲနိုင်တော့မလဲ

ဒီမိုးသည်းကလည်း အမြဲ တဖွဲဖွဲ

အိပ်မက်တွေထဲထိအောင် ရွှဲစိုခဲ့

ငါ . . . အလွမ်းကဗျာတွေမရေးတော့ဘူး

နင့်နာမည်တွေပဲ စာသီကုံး

ပြုံးပြုံးလေးနေကြည့်မလားရယ်လို့

( ဒါပေမယ့် )

နင့်..ငါ့ကိုထားခဲ့တယ်

ထိုသို့သော အိပ်မက်ပေါင်းများစွာထဲအလယ်

ထိုသို့သော ရူးသွပ် တမက်မက် နမ်း ရှိုက်ခဲ့ရသော ပုံရိပ်ပေါင်းများစွာအလယ်

အေးစက်ကိုက်ခဲနေခဲ့ရသော . . . ၀င်ရိုးစွန်းတစ်ဖက်ခြမ်းဝယ်

နင်... ငါ့ကို ထားခဲ့တယ် ချစ်သူရယ်

(တစ်နေ့နေ့မှာတော့ လူသားတွေအားလုံးဟာ ဘယ်လောက်ပဲချစ်ပါတယ်ပြောပြော ခင်ပါတယ်ပြောပြော သေခြင်း သို့မဟုတ် ရှင်ခြင်း တစ်နည်းနည်းတဲ့ တစ်ယောက်ကနေ တစ်ယောက်ကို ထားခဲ့ရမှာပါပဲ ။ အဲဒီအခါ ကမ္ဘာမြေပေါ်က ထိုသို့သော တစုံတရာသည် ထိုသို့သောတစ်နေ့အတွက် . . . )

လွ မ်းေ န ခွ င့်

၁ / ၁၁ / ၂၀၁၁

3 comments:

နန်းသက် said...

အချစ်ဆိုတဲ့ ဘာသာရပ်မှာ . . . ငါကလည်း

ကွက်လပ်ပေါင်းများစွာ ဖြည့်ဆည်းဖို့မစွမ်းနိုင်ခဲ့သူ.................
ကဗျာကောင်းလေးကိုခံစားသွားပါတယ်။

linnminkhant said...

အနှစ်သက်ဆုံးက ကဗျာ ခံစားချက်က ကဗျာ ရင်ထဲမှာလဲ ကဗျာ ဒါပေမဲ့ချမရေးနိုင်ခဲ့ဘူး ရင်ဘက်ကြီးကတော့ ကဗျာနဲတူအောင်ခံစားပေးခဲ့ပါတယ် အရမ်းကောင်းတယ် ခံစားသွားပါတယ် အစဉ်အားပေးလျှက်

အလင်းရိုင်း said...

ဒီ ကဗျာလေးနဲ့ပါတ်သက်ပြီး

လေးလေးစားစား ကိုယ်ချင်းစာမိတယ် ဗျာ ....။ ။

Post a Comment