Pages

Thursday, September 29, 2011

အမှန်တရားဟုခေါ်သော...ဘ၀စုတ်ချက်များ

အမှန်တရားဟုခေါ်သော...ဘ၀စုတ်ချက်များ

လန်ကရုဇာ...ဆိုက်ဂျနပ်

နိုက်ကလပ်...

သွေးနဲ့သံနဲ့..ဒေါနဲ့မာန်နဲ့

အမှန်အကန်ဘ၀တွေ

အပေါစားနှုတ်ခမ်းနီကို

ရဲဘလောင်းခတ်အောင်ဆိုး

တမျိုးပြီး...တမျိုး...

လူတွေကို ခိုးခိုးပြီးရှိုးတဲ့

ဆူးလေကုန်းတံတားပေါ်က

ပန်းဆိုးတန်းပလက်ဖောင်းတွေပေါ်က

မီးရောင်မှိန်မှိန်တွေအောက်က

အမှန်အကန်ဘ၀တွေ....

ပြောစမ်းပါဦး

ခင်ဗျားတို့ သတ္တိရှိရင်

“ ငါ့ဘ၀သာ..ကမ္ဘာမှာအဆိုးဆုံး ” လို့

ဘယ်လိုတောင်းဆုမျိုးကိုများ

ကျွန်တော်တို့ မှားခဲ့ကြလို့လဲ

ဒေါ်လာဈေးအတက်အကျ သူတို့မသိဘူး

Evening Paris သူတို့မသိဘူး

Window 8 အကြောင်းသူတို့မသိဘူး

မြစ်ဆုံအရေးလည်းသူတို့မသိဘူး

ဒါပေမယ့်..တစ်နေ့တာရဲ့

(%) ပါဆန့်တိတ်ကိုတော့ သူတို့သိတယ်...

တချို့က ရယ်မောပျော်ရွှင်လို့

သီချင်းလေးတွေဆိုလို့

စီးကရက်ရနံ့တွေကြား

ယမကာ ရနံ့တွေကြား

ရမ္မက်ဇောနဲ့ မုဆိုးအကြည့်တွေကြား

နေသားတကျ...

တခဏတော့..

တချို့က ရင်ထဲ ရှိုက်ငိုလို့

လှိုက်လှိုက်ပြီးဆို့နင့်

ဒီတစ်ခန်းပြီးရင် နောက်တစ်ခန်းပြန်စ

အဲဒါဟာ...အမှန်တရားတဲ့

တချို့ အဖေဘယ်သူလဲမသိဘူး

တချို့ အမေဘယ်သူလဲမသိဘူး

ရူးရူးမူးမူး...ငွေကြေးနောက်ကိုလိုက်

ဘ၀ဆိုတာဘာလဲ ?

ပျော်ရွှင်မှုဆိုတာ ဘာလဲ ?

ဆင်းရဲချမ်းသာကွာဟမှု

ဂုဏ်ဓနရှင်တွေကို သူတို့ မုန်းတီးတာ

ခင်ဗျား..နားလည်ခွင့်လွှတ်ပေးလိုက်ပါ

ညနေစာ ဈေးဖိုး

တမျိုးပြီးတမျိုးမရိုး

ဒီကြားထဲ အဖေ့ အရက်ဖိုး

ကျွန်တော့်လို သားဆိုးတွေလည်းအများကြီးတဲ့

လူဖြစ်ရတာကိုက

တခါတခါ...စုတ်ပဲ့တယ်

စုတ်ချက်ကြမ်းကြမ်းနောက်ကွယ်က

ဘ၀...ဘ၀ တွေရဲ့

ခြောက်ကပ်ကပ်ရယ်သံတွေ

ေ ခြာ က် က ပ် က ပ် ရ ယ် သံေ တွ . . . . . .

ခင်ဗျားမသိသေးတဲ့ အမှန်တရားတွေပေါ့

ဟင်းလင်းပြင်ကြီးထဲ

ထောင်းသောင်းမက ဘ၀ တွေ

၀ဲ ပ်ံ ေ န ၾက ဆဲ . . . . . . .

လွမ်းနေခွင့်

1 comments:

ဘေဘီ said...

Evening Paris ဆွတ်တဲ့ကောင်လေးတစ်ယောက်ကိုသိတယ်... :) မညီမျှခြင်းတွေဆိုတာနေရာတိုင်းမှာရှိနေတာပါ... ဘယ်သူကများဆုတောင်းမှားချင်ပါ့မလဲနော်....

Post a Comment