Pages

Wednesday, September 7, 2011

ရိုးရှင်းသော . . . ချစ်ခြင်းတစ်စုံ


ရိုးရှင်းသော . . . ချစ်ခြင်းတစ်စုံ


ရိုးရှင်းသော . . . ချစ်ခြင်းတစ်စုံ

ရိုးရိုးလေးပါအချစ်ရယ်

နှောင်တွယ်မိတဲ့ သံယောဇဉ်မှာ

ဘာအရောင်မှမပါတဲ့....ဖြူစင်ခြင်းသက်သက်

နင့်အတွက်...ငါက ကောင်းကင်ကြီးဖြစ်ချင်တယ်

အချို့အချို့သောလူတွေရဲ့အချစ်

ရမ္မက်...ရယူလိုမှု .... အဆင့်အတန်း

ကျေးဇူးပြုပြီးမနှိုင်းယှဉ်ပါနဲ့

ငါက နင့်ကို ...ရိုးရိုးလေးချစ်ယုံပါ..

နင်...နားလည်နိုင်ပါ့မလား

ငါပေးမယ့်...ချစ်ခြင်းတစ်စုံမှာ

ရယူလိုမှုနဲ့ အတ္တတွေ ကင်းစင်တယ်

ကဗျာ.........ချစ်သူ............

ငါက နင့်ကို ရိုးရိုးလေးပဲလွမ်းတယ်

နင်ကြုံခဲ့ဖူးတဲ့ ချစ်ခြင်းတွေ

နင်ရခဲ့ဖူးတဲ့ အတုအယောင်တွေ

ကျေးဇူးပြု၍ မနှိုင်းယှဉ်ပါနဲ့

နင်မကြုံဖူးသေးတဲ့

ရင်ခုန်သံ.....ရူးသွပ်မှု

အို....အရာရာတိုင်းဟာ ခမ်းနားတယ်

လူတွေရဲ့ ဘောင်ခတ်ထားတဲ့အတွေးအခေါ်တွေနဲ့

နင်ရော..ငါ့ကို နားလည်နိုင်စွမ်းရှိရဲ့လား

ငါက...နင့်ရဲ့ဖြစ်တည်မှုလေးတစ်ခုကိုတောင်

ကျေးဇူးတင်နေတဲ့ကောင်ပါ

နင့်ပုံရိပ်တွေကြားထဲ....

ဟိုး.......အနက်ရှိုင်းဆုံး စီးဝင်လို့

` ငါက...နင့်ကို ...အရမ်းချစ်တယ် ´

ဘာကိုမှထူးပြီးမစိုးရိမ်ပါနဲ့

ငါက...နင့်အရိပ်ကလေးဖြစ်ချင်ခဲ့သူသက်သက်

နင်ပြုံးရယ်တဲ့အခါတိုင်း...

ငါ့ရင်ထဲ...ပန်းတွေပွင့်ဖူးလို့

အရာရာဟာ...လတ်ဆတ်မွှေးပျံ့တယ်

ပိုင်ဆိုင်ခွင့်မရပေမယ့်

ငါက...ကဗျာတွေရေးချင်သေးတယ်

တခါတခါတော့လည်းအချစ်ရယ်

စဉ်းစားဆင်ခြင်ဥာဏ်နဲ့ ငါ့ရဲ့အလွမ်းတွေယှဉ်မိတဲ့အခါ

ငါ့အတွက်...လွမ်းနေခွင့် လေးတော့ပေးလှဲ့ပါ

ဘာကိုမှလည်းထူးပြီးအပစ်တင်မနေတော့ပါဘူး

ဇတ်ဆရာကြိုးဆွဲရာ အလိုက်သင့်ကကြယုံပေါ့

နင့်ကို သေလောက်အောင်ချစ်တဲ့ လူတစ်ယောက်

ကမ္ဘာရဲ့ထောင့်တစ်နေရာမှာ ရှိတယ်ဆိုတာ

နင်သိရင် လုံလောက်ပြီ ...............

အမြဲပြုံးနေပါချစ်သူရယ်

ငါက အမြဲ..သွေးအေးအေးပဲ

နွေးနွေးကလေး....ရေးရေးကလေး

နင့်ကို....ချစ်တယ်

ဘာအကြောင်းပြချက်မှမရှိသလို

ရိုးရှင်းလှတဲ့ မေတ္တာသက်သက်နဲ့

ငါ့ရဲ့ ချစ်ခြင်းတစ်စုံသာဖြစ်တယ်

လွမ်းနေခွင့်

1 comments:

Anonymous said...

ရိုးရိုးလေးပါအချစ်ရယ်

နှောင်တွယ်မိတဲ့ သံယောဇဉ်မှာ

ဘာအရောင်မှမပါတဲ့....ဖြူစင်ခြင်းသက်သက်

နင့်အတွက်...ငါက ကောင်းကင်ကြီးဖြစ်ချင်တယ်......

ရိုးရှင်းတဲ့အချစ်ကဗျာလေးကိုခံစားသွားပါတယ်....

Post a Comment