Pages

Friday, December 2, 2011

ကျွန်တော်တို့အမြဲချစ်တဲ့ ` အမေ ´

ကျွန်တော်တို့အမြဲချစ်တဲ့ ` အမေ ´


နေဆယ်စင်းထက် လင်းခဲ့တယ်

ခေတ်သစ် ရေစီးကြောင်းမှာ

`သူမ´ ဟာ ဇာမဏီ ငှက်

တရှိန်ထိုး . . . တရှိန်ထိုး . . . . .

ဟိုး အစွန်းဆုံးထိ ပျံသန်း

ဘယ်တော့မှ မရပ်တန့်မဲ့

စိတ်ဓါတ်စွမ်းအင်တွေ သယ်ပိုးလို့ . . .


တည်ကြည်ခံ့ညားခြင်းနဲ့

လေးမြတ်မွန်ရည်ခြင်းကို

သူမ ကိုယ်ပေါ် လွှမ်းခြုံရစ်သိုင်းလို့

လေပြည်ကလေးတွေ တိုက်ခတ်

သူမ ရဲ့ရင့်ကျက်ခြင်းတွေ

ပေါ်လွင်သွားစေယုံကလေး . . .


ငြိမ်းချမ်းခြင်းကို ရင်ထဲ ပွေ့ဖက်လို့

`ကမ္ဘာပေါ်မှာ စစ်ပွဲတွေ မရှိစေချင်ဘူး ´ တဲ့

ပန်းကလေးတွေပျိုး

စမ်းကလေးတွေချိုး

` အမေ့ ´အေးချမ်းမှုဟာ

ကျွန်တော်တို့ ရင်ထဲ အထိ ကူးစက်ခဲ့ရ . . .


ဘယ်တော့မှ မရပ်တန့်ဘူး

အရှေ့မှာ ချောက်ကမ်းပါးတွေလား

အရှေ့မှာ လေမုန်တိုင်းတွေလား

အရှေ့မှာ ဓါးတွေ ဖြန့်ခင်းတဲ့ မရဏတောင်ကြားတွေလား

အရှေ့မှာ သေနတ်သံတွေလား

ဟင့်အင်း . . ဘယ်တော့မှ မရပ်တန့်ဘူး

သံမဏိစိတ်ဓါတ်ကို ကိုင်စွဲလို့

တိုင်းပြည်ကို သူမတူအောင် ချစ်ခဲ့

ခေတ်တွေဘယ်လောက်ပြောင်းပြောင်း

ကျွန်တော်တို့အမြဲချစ်တဲ့ ` အမေ ´


မွန်းကြပ်တဲ့အခန်းကျဉ်းလေးထဲ

` သူမ ´ ဟာ စာအုပ်တွေ ကို အဖော်ပြုခဲ့ရ

` သူမ ´ ဟာ မှောင်မိုက်ခြင်းတွေကို အဖော်ပြုခဲ့ရ

` သူမ ´ ဟာ အေးစက် ကိုက်ခဲခြင်းတွေကို အဖော်ပြုခဲ့ရ

ကျွန်တော်တို့ မျက်ရည်ဝဲတယ် ` အမေ ´

ဘ၀ဟာ ပျော်ရွှင်ခြင်းဆိုတာထက်

လူ့အခွင့်အရေး အတွက် အရာအားလုံးစတေးခဲ့

` အမေ ´ ဟာ အမြဲ မှန်နေခဲ့ တယ်


လမင်း အသွင်လည်း အေးမြစေခဲ့

ကြယ်တစ်စင်းအသွင်လည်း လင်းလက်နေခဲ့

` သူမ ´ ဂုဏ်သတင်းဟာ စကြ၀ဌာထိ ပျံ့နှံနေခဲ့

တိုင်းပြည်နဲ့လူမျိုးအတွက်

အမျိုးမျိုးသော ဒုက္ခတွေလည်း ခါးဆီးခံခဲ့

`အမေ့ ´ ကို ကျွန်တော် တို့ အရမ်းချစ်တယ် အမေ . . .


လွမ်းနေ

ဒီဇင်ဘာ ၂ ရက်နေ့


(ဓါတ်ပုံအား http://www.thefamouspeople.com/profiles/images/aung-san-suu-kyi.jpg မှယူပါသည် )

2 comments:

နန်းသက် said...

အမေဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုကဗျာလေးဖတ်သွားပါတယ်။ အမေလိုလူမျိုးကတော့ ရှာမှရှားပါပဲ။

saisaynaw said...

ကောင်း၏.ကြိုက်သည်။ ဆက်လက်အားပေးသွားမည်။

Post a Comment