Pages
Thursday, October 27, 2011
အတောင်ခတ်သံ
အိပ်မက် ညှီုစို့စို့တွေချည်း
ခဏခဏမော့သောက်နေရတော့ မုန်းသွားပြီ
အမှောင်ကျုတ်ကျုတ် ကျနေတဲ့ဘ၀တွေအကြောင်းတွေးတော့
ရင်ဘတ်က ခါးသွားပြန်တယ်...
အတိတ်ဆိုတာ ချိုချို ခါးခါးပါလေ
မေ့ထားစရာမလို...
အနာဂတ်ကို ပုံဖော်ဖို့ အိပ်မက်တချို့ လတ်ဆတ်ပါရစေ
ဘ၀လှလှတွေကို မိတ္တူကူးရန်မလို...
အခမ်းနားဆုံးမျှော်လင့်ခြင်းတစ်ခင်းစာလောက် စိုက်ပျိုးပါရစေ
ဟိုး....ခပ်ဝေးဝေးကို မျှော်ကြည့်
ဒီမြို့ပျက်အိပ်မက်တွေထဲကနေ ရုန်းထွက်ဖို့
အားထုတ်ပျံသန်း...မကြောက်စတမ်းပါကွဲ့
လာခဲ့ပါ....ခါးသက်ရီဝေဒုက္ခရေ
သင့်ကို နီရဲရဲနှလုံးသားနဲ့ကြိုနေပါရစေတော့.......၊၊
                                                             မောင်ရေချမ်း
Friday, October 21, 2011
မိသားစု
အိပ်မက်တွေကို ဝေငှလို့
လရောင်ကို အတူသောက်သုံးလို့
နေပူကို အတူတူမျှခံလို့
လောကကောင်းကင်ထဲ ….မခွဲစတမ်းပါ
ကြိုးကြာငှက်တွေလို အုပ်စုဖွဲ့ပျံသန်းနေကြတယ် ၊၊
အဖေဆိုတာ ဓူဝံကြယ်လိုလမ်းပြလို့
အမေဆိုတာ သောက်ရှူးကြယ်လိုရွှန်းပလို့
သားသမီးဆိုတာ ကြယ်မှုန်ကြယ်မွှားလေးတွေလိုပါပဲ
(တလက်လက်လင်းတောက်လို့ )
လောကလေဆန်ထဲမှာ……….
တစ်ယောက်နှလုံးသားကို တစ်ယောက်ပွေ့ထွေးထားကြ …၊၊
မိသားစုဆိုတဲ့ကဗျာတစ်ပုဒ်ဟာ…
နှလုံးသားကို အန်ထုတ်ပြီး ရေးဖြစ်သွားတယ် ၊၊
                                   မောင်ရေချမ်း
Wednesday, October 19, 2011
“ မ ” နဲ့ ပြန်ဆုံမယ့်တစ်နေ့
“ မ ” နဲ့ ပြန်ဆုံမယ့်တစ်နေ့
“ မ ”
ခင်ဗျား သိပ်လှလာတယ်...
မတွေ့ရတဲ့ တခဏတာမှာတောင်
ကျွန်တော်က...အလွမ်းတွေပျိုးမိသူ
တယုတယ သိမ်းဆည်းထားတဲ့
အဖြူသက်သက် အနမ်းတစ်ပွင့်...
မ ရယ်.... ကျွန်တော်တို့ ဝေးလွင့်ရမှာလား
“ မ ”
ခင်ဗျားက...အရာရာမှာ
ကျွန်တော့်အတွက် ကဗျာတွေဖြစ်စေတယ်
အရီ...အငို...အပြုံးတွေနဲ့
ပင့်သက်တစ်ရှိုက်မှာတောင်
ကျွန်တော့်မှာလွင့်မျော....
ဟိုး...တိမ်တွေထိအောင်...
ရစ်မူး...ကြည်နူးလို့..
“ မ ”
ရှင်းသန့်ဖြူဝင်းတဲ့ပါးပြင်မှာ
ကျွန်တော်သတိလက်လွတ်..
ငေးမိကြိမ်ပေါင်းလည်းမနည်းဘူး
ရူးတယ်ပဲပြောပြော...
မ ကို.. ကျွန်တော်က မြတ်နိုးတယ်
“ မ ”
ဖြစ်နိုင်ခဲ့မယ်ဆိုရင်ပေါ့
မ .. ကြုံတွေ့ဖူးတဲ့ အချစ်ဆိုတဲ့
ပူပြင်းလောင်မြိုက်မှုအချို့နဲ့
ကျွန်တော့်ကို မနှိုင်းယှဉ်ပါနဲ့
ငြိမ်းအေးတဲ့ “ မ ” ရင်ခွင်တစ်နေရာရာမှာ
အတွေးကလေးနဲ့ပဲဖြစ်ဖြစ်
ကျွန်တော် ခိုလှုံ နေပါရစေ...
“ မ ”
ကျွန်တော်တို့ ပြန်ဆုံမယ့်တစ်နေ့မှာပေါ့
မျက်တောင်ရှည်အချို့နဲ့ မျက်ဝန်းတွေကို
ငေးကြည့်ခွင့်လေးပေးပါ....
အဲဒီအခါ...........
ကမ္ဘာမြေဟာ... တိတ်ဆိတ်ငြိမ်သက်လို့
“ မ ” အတွက်..နှင်းဆီရနံ့တွေ သင်းဝေ
ကြယ်တွေလည်းကြွေစေ..
မ.....ရင်ခွင်ထဲ
ကျွန်တော့်ကဗျာတွေလည်း
ငြိမ်သက်ချမ်းမြေ့စေ. .
ငြိ မ် သ က် ချ မ်း ေ ၿမ ႕ ေ စ . . .
ငြိ မ် သ က် ချ မ်း ေ ၿမ ႕ ေ စ . . . . .
လွမ်းနေခွင့်
စက်တင်ဘာ ၂၁ ရက်နေ့
(မှတ်ချက် - ဒီကဗျာလေးကိုရေးထားတာ စက်တင်ဘာ ၂၁ ရက်နေ့ကတည်းကပါ ။ “ နင့်ကိုငါချစ်တယ် ” ဆိုတဲ့ကဗျာလေး ကိုတော့ စက်တင်ဘာ ၁၉ ရက်နေ့မှာ တင်ခဲ့ပါတယ် ။ အခု အောက်တိုဘာ ၁၉ ရက်နေ့ မှာ တစ်လပြည့်အထိမ်းအမှတ်အဖြစ် ဒီကဗျာလေးကို တင်ဆက်ပေးလိုက်ပါတယ် ။ ထိုသို့သော တစုံတရာသည် ကျွန်တော့် ကဗျာအတွင်း ကျွန်တော့် ရင်ခွင်အတွင်း ငြိမ်သက်ချမ်းမြေ့နေပါစေ... )
Tuesday, October 18, 2011
ထို တစုံတရာနှင့်အတူ အကြိမ်ကြိမ်သေဆုံးနေခဲ့ပြီးသော
ထို တစုံတရာနှင့်အတူ အကြိမ်ကြိမ်သေဆုံးနေခဲ့ပြီးသော
နံနက်ခင်းတစ်ခုရဲ့ ရွှေနေခြည်ဟာ
ဝင်းဝါစိုဖျော့လို့ ... ဦးမော့လက်ဖြာနေတယ်
အဘယ်သို့သော သံယောဇဉ်ကြိုးဖြင့်
သစ်လွင်တောက်ပနေရပါသလဲ ဖဲကြိုးဝါ
နင်မြင်နေရတဲ့ ... လွင်ပြင်မှာ
ကန္ဆာရတို့ အတိပြီးသော .. အထီးကျန်မှုများသာရှိတယ်
သောကြာညနေရဲ့ ၆ နာရီဟာလည်း
တစ္ဆေရထားတို့ခိုလှုံမယ့်
ရင်ခွင်ဘူတာရုံပျက်တစ်ခုလို...
ခြောက်ခြားဖွယ်အတိပြီးသော အာရုံကိုဖန်ဆင်းလျှက်
..........................................
အို... အဘယ်နတ်ဘုရားထံ
ကျွန်တော်ခေါင်းငုံ့တောင်းခံရမလဲ
ပိုင်ဆိုင်မရနိုင်တော့သော (ပိုင်ဆိုင်ခွင့်မရှိတော့သော)
ထိုသို့သော တစုံတရာများအား
မတွေ့ဆုံနိုင်ခင်ကပင်..ပျောက်ရှနေခဲ့ရ
မိုးတစိမ့်စိမ့်ရွာသော ဆောင်းဦးပေါက်သည်လည်းကောင်း
သူမဖန်ဆင်းသော ကကြိုးကကွက်သည်လည်းကောင်း
အနုပညာဆန်သော ကဗျာတို့သည် လည်းကောင်း
ကျွန်တော်ရင်မဆိုင်ရဲသော သူမ မျက်ဝန်းတို့သည်လည်းကောင်း
လေယူရာယိမ်းတတ်သော ပစ္စုပ္ပန်တရားတို့သည်လည်းကောင်း
အချိန်လွန်မှ... နက်သထက်နက်ခဲ့ရ
နောင်တဆိုတာ ငါ့ရာဇ၀င်မှာမရှိဘူးချစ်သူ
တစ်ချိန်တော့နင်သိလာမှာပါ
အရာရာကို စနစ်တကျ လုပ်ဆောင်ရခြင်းကိုလည်း
ငါက ..မုန်းတယ်
...........................
ချစ်သော...ဖဲကြိုးဝါရေ
သူမဆံကေသာထက်..၀င်းဝါရုံလေးချည်နှောင်ပေးပါ
လွင့်လူးဝဲခါနေတဲ့ ဆံနွယ်ခတ်ကလေးတွေကြား
ကျွန်တော့် အရှိတရားများ
သိမ်းဝှက်...မြှုပ်နှံထားချင်ရဲ့
အချိန်တွေကြာလာတာနဲ့အမျှ
တစတစ ပိုသိလာခဲ့တဲ့ အချစ်ဆိုတဲ့အကြောင်းဟာ
ကဗျာတစ်ပုဒ်နဲ့ ဖော်ပြဖို့ရာတော့ မစွမ်းသာခဲ့ဘူး
လှိုင်းတို့သယ်ဆောင်ရာနောက်လိုက်ပါမယ့် လှေငယ်လို
ကိုယ့်မာနကိုယ်ချိုး ရိုးရိုးပဲလှော်ခတ်ချင်ခဲ့သူပါ
ကျေးဇူးပြု၍ .. ငါ့ကို မသနားပါနဲ့
နင်ပေးခဲ့တဲ့ တစုံတရာနဲ့တင်
ငါက... အကြိမ်ကြိမ်သေခဲ့ပြီးသားကောင်ပါကွယ်
လွမ်းနေခွင်
အောက်တိုဘာလ ၁၈ ရက်နေ့
Monday, October 17, 2011
အိပ်မက်..နှင်းဆီ
အိပ်မက်..နှင်းဆီ
စိုးမိုးထားတဲ့အိပ်မက်တွေထဲမှာတော့
အနမ်းတွေက .. ကြမ်းကြမ်း
အပြင်မှာတော့... အလွမ်းခန်း
ကချေသည်တို့ အဆင်းနဲ့
ဝင်းဝါ လှပလွန်းသူ
မှန်ပါတယ်... မနှင်းဆီ
ခင်ဗျားရဲ့ ကကွက်တွေထဲ
ကျွန်တော်... ရုန်းမထွက်နိုင်တာ သေချာပါတယ်
ဘာကြောင့်လဲ...ဘာအတွက်လဲ...ဘယ်အထိလဲ
မေးခွန်းအားလုံးအတွက် အဖြေမရှိဘူး မနှင်းဆီ
ခင်ဗျားဟာ...ကျွန်တော့်အတွက် ပန်းချီကားတစ်ချပ်ပါ
ကောက်ကြောင်းတွေရှိတယ်
မျဉ်းဖြောင့်တွေရှိတယ်
အဖြူ အဖျော့ ... အပျော့ အမာ
အရာရာဟာ ...
နက်နဲသိမ်မွေ့လွန်းလှတယ်
မနှင်းဆီ
တစ်ရွက်ချင်းတစ်ရွက်ချင်းတိုင်း
ခင်ဗျားရဲ့ စာမျက်နှာတွေ ကျွန်တော်ဖတ်ချင်တယ်
နှုတ်ခမ်းဖူးဖူးလေးတွေ
မျက်လုံးဝိုင်းဝိုင်းလေးတွေ
ဆံနွယ်ခတ်ကလေးတွေ
လေညှင်းကလေးတွေ
အိုး ... သိမ့်သိမ့်... ငြိမ့်ငြိမ့်လေး
နေ့မြင်ည မပျောက်ပါဘူး
မယုံပါနဲ့ မနှင်းဆီ
အချိန်တိုင်းမပျောက်ပျက်မယ့်အရာတစ်ခု
မနှင်းဆီကို..ပေးခဲ့ပြီးသားပါ
ထွေးပွေ့ချင်ခဲ့ပေမယ့်
“ အခွင့် ” ရယ်မရှိတာကြောင့်
(ရင်ထဲ...မိုးတွေသာ )
တဖျောက်ဖျောက်..
တေ ဖျာ က်ေ ဖျာ က် . . .
တေ ဖျာ က်ေ ဖျာ က် . . .
လွမ်းနေခွင့်
အောက်တိုဘာလ ၁၇ ရက်နေ့
Sunday, October 16, 2011
ထာဝရဖြစ်သော
                           တိမ်လွှာပွင့်ထပ်   အိပ်မက်ရွေ့လျား
                            ခံစားမြင့်သစ်       အချစ်ဖြစ်လာ
                            ဝေဆာမွေးဖွား     နေ့များညများ
                            သူ့ထံပါးသို့      ၊၊
                           ချဉ်းနင်းဝင်ရောက်   ဖြိုးမောက်လျှံပြည့်
                           မြူမှုန်ငွေ့လို      ဝေ့ဝေ့သိုင်းရစ်
                           ခံစားဖြစ်လာ     သူ့ကိုသာတည့်  ၊၊
                           နှလုံးလိပ်ပြာ   လူးလာဝိုက်ဝဲ
                           အိပ်မက်ထဲမှာ  သူ့ကိုရှာမိ
                           လောင်ဆာမွတ်သိပ်   သူ့အရိပ်ကို
                           သိမ်းထားလိုမိ     ချစ်၏ချစ်၏
                           ငါ ချစ် မိ   ၊၊
                                                                                   မောင်ရေချမ်း
Friday, October 14, 2011
စိတ် ငှက်
စိတ် ငှက်
စိတ်တံခါးကို ဖျက်ကနဲဖွင့်..
တလွင့်လွင့် ၀ဲပျံသော အတွေးစများ
တခါတခါလည်း ကိုယ့်ကိုယ်ကို မုန်းတယ်
အားမလိုအားမရဖြစ်ခြင်းတချို့
စီးမျောလိုက်ပါခြင်းတချို့
ငါဟာ သေနေသော ငှက်တစ်ကောင်ပါ
အဝေးဆုံးကို လွင့်ပျံဆဲ
အတွေးအဆုံးမှာ မရင့်သန်ခဲ့
အို..တသည်းသည်း .. တ၀ဲဝဲ
ဘ၀ဟာလည်း ခဲသထက်..အေး..ခဲ ...ဆဲ
ရေခဲမြစ်တို့ရဲ့ မြို့တော်ဆီ . . . .
နှုတ်ခမ်းတစ်လွှာ ဖွင့်ဟတိုင်း
မျှော်လင့်ခြင်းတွေသာ ဒီဂရီမြင့်လာခဲ့
ဘာကိုမှမဦးတည်ပါဘူး
ဒီပြိုင်ပွဲမှာငါက ဘေးလူသက်သက်ရယ်ပါ
ဒီယုန်မလေးကိုမြင်လို့ ဒီချုံကိုထွင်ခဲ့ခြင်းလည်းမဟုတ်
စစ်မရောက်ခင် .... ငါ့မြှားတံတွေ အကုန်ကျိုးပျက်ခဲ့ရခြင်း
တခါတခါ ဟီးရိုးဖြစ်လိုက်
တခါတခါ ဗီလိန်ဖြစ်လိုက်
ရင်ထဲက နှင်းစက်များ...အရည်ပျော်ခဲ့ကြရ
ဘယ်သူမှ မမှားခဲ့ကြပါဘူး
ဒါကလည်း လက်တမ်းစပ်တဲ့ကဗျာတစ်ပုဒ်ရယ်ပါ
နင်နားလည်နေဖို့ပဲ တကယ်လိုအပ်ခဲ့
တစ်ရက်ရက်တော့...ငါတို့သွားကြမယ်
ဟိုးအဝေးက လွင်ပြင်တွေဆီ . .
ဟိုး အေ ၀း က တိ မ် ဆို င် ေ တြ ဆီ . .
ဟို း အ ေ ၀ း က ပ င် လ ယ် ပြ င် ဆီ . . .
လွ မ်းေ န ခွ င့်
အောက်တိုဘာလ ၁၅ ရက်နေ့
Thursday, October 13, 2011
သေဆုံးခြင်း နယ်ပယ်သစ်
သေဆုံးခြင်း နယ်ပယ်သစ်
ခေါင်းလောင်းသံသဲ့သဲ့ကြားနေတယ်
ဟိုးအဝေးမှာ . . . .
သူတို့ဟာ ၀တ်ရုံနက်တွေ လွှမ်းခြုံလို့
မရဏဂါထာတွေ ရွတ်ဆိုနေကြသေးတယ်
ကြောက်မလားလို့ ဖြဲခြောက်ပြကာမှ
ငါ့အတွက်..ပျင်းရိလွန်းနေတယ်
` ဟင့်အင်း ခင်ဗျားတို့မလာကြပါနဲ့ ´
အဲဒီလိုလည်း ငါသွေးမပျက်ခဲ့
................................
ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းဟာ
(တကယ်တော့)
နံရံတစ်ဖက်သာခြားခဲ့
မရောက်ဖူးတဲ့ နယ်ပယ်သစ်အတွက်
ကြိုတင်ရင်ခုန်ခြင်းတွေသာ
လင်းဖြာဝေ့၀ဲနေခဲ့
.........................
ဟော.....သူတို့ဟာ
ကကြိုးတွေစုံလင်စွာနဲ့
သုဿန်တရားတွေဟောပြောနေခဲ့ပြီ
ခင်ဗျားတို့ရော ..အဆင်သင့်ဖြစ်ပြီလား ?
ကျွန်တော်ကတော့ ခုန်ချလိုက်ပြီ ။
လွမ်းနေခွင့်
အောက်တိုဘာလ ၁၃ ရက်နေ့
ကျွန်တော်၏မသိခြင်းများ
ကျွန်တော်၏မသိခြင်းများ
ဘယ်လိုချစ်ခြင်းတရားမျိုးလဲ ?
ဘယ်လိုသံယောဇဉ်မျိုးလဲ ?
ဘယ်လိုငြိတွယ်မှုမျိုးလဲ ?
ငါကပဲ ရိုးသားချင်ယောင်ဆောင်ခဲ့တာလား ?
ချစ်တယ် ဆိုတဲ့စကားမှာ
မုသားမပါခဲ့တာတော့သေချာတယ် ။
ဘယ်လိုရနံ့မျိုးလဲ ?
ဘယ်လိုကောင်းကင်မျိုးလဲ ?
ဘယ်လို တိမ်ဆိုင်မျိုးလဲ ?
မေ့မေ့မူးမူးနှောင်တွယ်ခဲ့ပြီးကာမှ
အချစ်ဆိုတာကို အပြစ်တော့မမြင်စေချင်ဘူး ။
ဘယ်လိုပင်လယ်မျိုးလဲ ?
ဘယ်လိုကမ်းစပ်မျိုးလဲ ?
ဘယ်လိုလှိုင်းညွှန့်မျိုးလဲ ?
ကျွန်တော်မသိသော ပုစ္ဆာများ
ချစ်ခြင်းတရားနဲ့ကဗျာ....
အထပ်ထပ်ဝိုင်းကာရံခဲ့
ခင်ဗျားအနားမှာ ၀ဲသောလိပ်ပြာများ
ကျွန်တော်သိပ်မုန်းသော အတုအယောင်များ
................................
ကျေးဇူးပြု၍....
သူမ..ငြိမ်းချမ်းနေပါစေ
...........................
ဒီလိုနဲ့ပဲ....
မသိခြင်းတွေကိုထွေးပိုက်
အခက်အခဲတွေကို ကွေ့ဝိုက်
ရှေ့ဆက်ရမယ့် နက်ဖြန်ခါတိုင်း
ချစ်သူ....နင် အောင်မြင်ပါစေကွယ် ။
လွမ်းနေခွင့်
စက်တင်ဘာလ ၁၃ ရက်နေ့
တာရာမင်းဝေ (သို့မဟုတ်) ခေတ်တစ်ခေတ်၏အလင်းပွင့်ရင်ခုန်သံများ
တာရာမင်းဝေ (သို့မဟုတ်) ခေတ်တစ်ခေတ်၏အလင်းပွင့်ရင်ခုန်သံများ
ဟိုး...အဝေးကောင်းကင်ဆီမှာ
တိမ်ရုပ်တွေက...မုဆိုးဖြစ်လိုက်..သားကောင်ဖြစ်လိုက်
အဲဒီတစ်ခေတ်တုန်းကလည်း
ရင်ခုန်သံတွေကို စီးချင်းထိုးလို့
မီးမလင်းသော ညဉ့်နက်တွေတိုင်း
ကျွန်တော်တို့ ... ခင်ဗျားရဲ့ ကဗျာတွေထဲ စီးဝင်ဖူးတယ်
`သေသောသူကြာရင်မေ့ ´ လို့
ဘယ်လိုမသမာသူတွေကများ ဟောကြားခဲ့လဲ
ခင်ဗျားရဲ့စကားလုံးတွေယူသုံး
လူတစ်ချို့ကတော့ပြုံးပျော်နေကြ
ခွင့်လွှတ်ခြင်းတရားတွေနဲ့
ကောင်းကင်ဘုံရဲ့တစ်နေရာမှာ
ခင်ဗျားကတော့..ခေတ်တစ်ခေတ်ရဲ့ မီးရှူးတိုင်ကို
ဆက်လက်ထွန်းညှိနေဦးမှာပေါ့
`လွမ်းလိုက်တာ သူငယ်ချင်း ´ လို့
ဘယ်လိုနတ်ဆိုးတွေကများ
ဘယ်လိုအတုအယောင်မျိုးတွေသယ်ပိုးလို့
လွမ်းခြင်းတရားတွေဟောနေဦးမလဲ
မိုးလှိုင်ညပြောသလိုပေါ့
(ခင်ဗျားဟာ)
မာန်နတ်ရဲ့အတွင်းသားကိုမှ
လှိုက်လှိုက်လှဲလှဲ တောင့်တတဲ့
မှော်သားမီးလျှံပါ
ဆန်းသစ်တဲ့စကားလုံးဖွဲ့စည်းမှုတွေနဲ့
ယဉ်ကျေးမှုတစ်ခေတ်ကိုဖန်ဆင်း
ခင်ဗျား..အသက်သွင်းခဲ့တယ်
ပန်းခေတ်က လမင်း
ချစ်သောနှင်းဆီဖြူ..သီဟသစ်
မီးတောက်ရစ်သမ်
အို...ကျောင်းဖွင့်ချိန်
အာဏာရှင်ကိုဖီဆန်ဖို့
ခင်ဗျားရဲ့သွေးတွေဟာလည်း ရဲရဲနီလို့
ကလောင်ဟာ ဓါးသွားတမျှ ထက်ရှနေခဲ့
ကျွန်တော်တို့ ရူးရူးမူးမူး
ခံစားချက်တွေအလူးလူး
ခင်ဗျားကလည်း ထူးတယ်လေ
အမှန်တရားကို ဖက်တွယ်လို့
ခပ်ရဲရဲတွက်ပြသွားတဲ့ပုစ္ဆာတွေမှာ
အရာအားလုံးဟာ ငြိမ်သက်ဆွံ့အလို့...
ရင်ခွင်ဟာ ဒိုးယိုပေါက်မြင်ရလောက်အောင်
လင်းရှင်းလွန်းတယ်
ဗုံတီးသံတွေ ဆူညံပေမယ့်
မိုးကတော့မရွာသေးဘူးကွယ်
တရားသူကြီးတွေလည်း စီရင်ချက်ချနေဆဲ
အဘိဓမ္မာဆရာကလည်း တရားဟောနေဆဲ
ဘုရားကျောင်းက ခေါင်းလောင်းသံလည်း
လွင့်ပြာဝေနေဆဲ....
လူငယ်တွေလည်း...ကဗျာတွေ ရွတ်ဆိုနေဆဲ....
တချိန်ချိန်တော့ပြန်တွေ့နိုင်ကောင်းပါရဲ့
နံရံတစ်ဖက်ခြားတဲ့ မရဏတောင်ကြားမှာ
အထီးကျန်ဂါထာတွေ ရွတ်ဆိုလို့
ကျွန်တော်တို့ ပြန်ဆုံတွေ့ကြဦးမယ်
အဲဒီအခါမှာ..
ရောင်နီတွေလည်း လင်းဝေဖြာလို့
ခင်ဗျားချစ်သောကဗျာများလည်း
စိမ့်သက်ကြည်သာ ချမ်းမြေ့လို့
စိ မ့် သ က် ကြ ည် သာ ချ မ်းေ မြ့  လို့  . . . .
သက်တန့်ချို
အောက်တိုဘာ အလွမ်းများဖြင့်
မှတ်ချက် ။ ။ ဓါတ်ပုံအား google image search မှယူကာ photoshop ဖြင့်ဖန်တီးပါ၏ ။ ( Credit to owner )
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Wednesday, October 12, 2011
ရောင်စုံတိမ်တိုက်များ
              ဘ၀တွေက လောကကောင်းကင်ထဲမှာ
              တိမ်တွေလို မျောလွင့်နေကြ
              တချို့တိမ်တိုက်တွေက ဂျင်းဘောင်းဘီကျပ်ကျပ်တွေဝတ်လို့
              တချို့တိမ်တိုက်တွေက နှုတ်ခမ်းနီရဲရဲဆိုးလို့
              သူတို့ကိုယ်သူတို့ လှအောင်ဖန်တီးနေပုံများ
              ရင်သပ်ရှုမောသွားလောက်ရဲ့ ၊၊
               တချို့တိမ်တိုက်တွေက ညိုပုစ်ပုစ် ညစ်လို့
               တချို့တိမ်တိုက်တွေက အစားကောင်းတွေစားပြီးဝဖြီးနေကြ
              တချို့များတော့ အင်္ကျီဗလာနဲ့အရိုးပြိုင်းပြိုင်းထနေကြ
               သြော်...ကောင်းကင်တစ်ခုတည်းအောက်မှာတောင် မတူကြပုံများ
              တရားရသွားလောက်ရဲ့.. ၊၊
               ဘာပဲဖြစ်ဖြစ်လေ
               လွင့်ပြယ်ပျောက်ကွယ်ကြဦးမှာမို့  မျောလွင့်နေချိန်ဟာ
               ခဏတာပေါ့ကွယ်.....    ၊၊         ၊၊
                                                                    မောင်ရေချမ်း
Tuesday, October 11, 2011
စေစားရာ...
စေစားရာ...
သူပြောခဲ့တဲ့အတိုင်းပါပဲ
ပင်လယ်ပြင်ကိုလည်းဖြတ်ကူးခဲ့
မီးတောင်ကိုလည်းကျော်ဖြတ်ခဲ့
ဓါးသွား ချွန်မြမြတွေအပေါ်..ဖြတ်နင်းခဲ့
ဒီလိုနဲ့ ၂၈ ဆိုတဲ့ လွယ်အိတ်တစ်လုံး ပိုင်ဆိုင်ခွင့်ရခဲ့တယ်
တချို့သောလမ်းတွေကတော့ ကွေ့ကောက်
တချို့သောလမ်းတွေကတော့ မတ်စောက်လို့
အရှိတရားအချို့နဲ့ အသိတရားအချို့ကလည်း
အချိန်တိုင်းမှာ စစ်ခင်းလို့
ကျွန်တော့်စိုက်ခင်းလေးအတွင်းမှာ
ကန္တာရလို ပတ်ကြားအက်တွေသာ များလာခဲ့
လူတွေစည်ကားလှတဲ့ပွဲတော်သံတွေ
နေရာတိုင်းမှာ..ရယ်မောသံတွေသာပြည့်နှက်နေခဲ့
သူပြောခဲ့တဲ့အတိုင်းပါပဲ
ကျွန်တော်က အရောက်သွားခဲ့ပါလျှက်
ရင်ထဲမှာ လစ်ဟာမှုများ
ဘာကြောင့် များနေခဲ့ရပါသလဲ . . . .
သူ ဆိုတဲ့ ဇတ်ဆရာ
သူ ဆိုတဲ့ ကံကြမ္မာ
လောင်းကြေးထပ်ရမယ်ဆိုရင်တောင်
ကျွန်တော်က ရှုံးနိမ့်ပြီးသားဖြစ်ခဲ့
အဆင်မပြေမှုပေါင်းများစွာကလည်း
ကံဆိုးကောင်သွားလေရာ..
မိုးတွေကလည်း ထစ်ချုန်းရွာခဲ့ပေါ့ . . .
ဘ၀ က ခါးလိုက်တာလို့
မျက်စိစုံမှိတ်...မညည်းချင်ပါဘူး
အစီစဉ်တကျ ခင်ဗျားချမှတ်ခဲ့တဲ့
ဒီတရားစီရင်ခဲ့တဲ့ အမှုမှာ
တရားပါတယ်လို့ ခင်ဗျား ၀န်ခံရဲသလားဇတ်ဆရာ...
အလိုက်တသင့်တော့စီးမျောခဲ့တာပဲ
ဘယ်မှာအဆုံးသတ်မလဲတော့ ရေရာမှုမရှိဘူး
ခင်ဗျားပြောစမ်းပါဦး
ဘ၀ ဟာ ပျော်ရွှင်စရာကောင်းပါတယ်လို့
ဘ၀ ဟာ ကြည်နူးစရာကောင်းပါတယ်လို့
ဘ၀ ဟာ နေပျော်စရာကောင်းပါတယ်လို့
ဒီလိုဆို့နင့်မှုနဲ့မျက်ရည်တွေက
ဒဏ္ဍာရီမဟုတ်ခဲ့တာတော့ ကျိန်းသေတယ်
ဘယ်မှာလဲ ယုဇနပင်တွေ
ဘယ်မှာလဲ ဖဲကြိုးဝါတွေ
ဘယ်မှာလဲ အမှန်တရားတွေ
ဘယ်မှာလဲ ရေရာသေချာခြင်းတွေ
အိုး..........
အရာအားလုံးဟာ
အရာအားလုံးဟာ
စိတ်ကူးမယဉ်ခဲ့ပါပဲနဲ့
စိတ်ကူးယဉ်ဆန်နေခဲ့ရ....
သက်တန့်ချို
အောက်တိုဘာလ ၁၁ ရက်နေ့
အနားမညီခဲ့သော.....
အနားမညီခဲ့သော.....
ကျွန်တော်အိုကေပါတယ်
အဲဒီလိုပြောပြီးလှည့်ထွက်သွားခဲ့တယ်
တားဆီးမရတဲ့ မျက်ရည်စတွေက
ပါးပြင်ထက်မှာ ရွှဲစိုလို့......
ဘယ်လိုသတ္တိတွေနဲ့များ ကျော်ဖြတ်ရမလဲကွယ်
တဆိတ်လောက် ငြိမ်သက်ပေးကြပါ
ဗလောင်ဆူနေတဲ့ ရင်ခွင်မှာ
ယူကြုံးမရခြင်းတွေသာ ပြည့်နှက်နေခဲ့
နားလည်ခဲ့ပါတယ်အချစ်ရယ်
ရှေ့ဆက်ရမယ့် မနက်ဖြန်တိုင်းမှာ
အရာရာဟာေ၀၀ါးလို့ . . . .
ဘာကိုမှ အပြစ်မတင်ချင်ပါဘူး
ကျွန်တော်က..ချစ်ချင်တာ တစ်ခုတည်းသာ သိခဲ့တဲ့ကောင်ပါ
အဲဒီလို ဒိုင်ယာရီတွေထဲက
လပြည့် ည တစ်ညကပြောတယ်
` ခင်ဗျားချစ်သူ သိပ်လွမ်းနေတယ် ´ တဲ့
ပြန်ပြောလိုက်ကြစမ်းပါကွယ်
ဒီကောင့်ရင်ခွင်ကတော့
နေရာတကာမှာ ချစ်ခြင်းတရားတွေနဲ့သာ ပြည့်နှက်နေခဲ့
ဖြူစင်စွာ မြတ်နိုးခဲ့ပါတယ် . . .
ဖြူ စ င် စွာ မြ တ် နိုး ခဲ့ ပါ တ ယ် . . .
. . . . . . . . . . . . . . . . . . . . . . . . . . .
အဲဒီလို သွေးမဲ့ဒါဏ်ရာတစ်ခုကိုအော်ညည်းရင်း
သူမခြေစုံအောက်...ကျွန်တော် လဲပြိုကျသွားခဲ့...
ခင်ဗျားနဲ့ ဝေးရမယ်ဆိုရင်တောင်
ကျွန်တော်က ဆုမွန်ကောင်းတောင်းပေးမဲ့ကောင်ပါ
ပတ်သတ်သမျှ အရာအားလုံး
အမှတ်တရ အဖြစ်သိမ်းဆည်း
ဘယ်ဖက် ရင်အုံမှာ အပြီးတိုင် မြှုပ်နှံထားခဲ့
ဟိုး.. . . . . . .
နောင်လာမယ့် တစ်ရက်မှာ
ေ နာ င် လာ မ ယ့် တ စ် ရ က် မှာ . . .
ေ နာ င် လာ မ ယ့် တ စ် ရ က် မှာ . . .
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
ခင်ဗျားက...ဖြူစင်စွာ ပြုံးပျော်လို့
ကောင်းကင်ပြာအောက် လွတ်လပ်စွာ ပျံသန်းနေလိမ့်မယ်
သစ်တစ်ပင်အောက်က
လူငယ်လေးတစ်ယောက်ဟာဖြင့်
ပျံသန်းနေတဲ့ငှက်ငယ်ကိုငေးကြည့်ရင်း
မျက်ဝန်းတစ်စုံမှာ . . .
အ ရ ာ ရ ာ ဟ ာ ေ ၀ ၀ ါ း လို ႔ . . . . . .
လွမ်းနေခွင့်
၁၁ . ၁၀ . ၂၀၁၁
Sunday, October 9, 2011
သံလမ်း
သံလမ်း
ပြာကျလောက်အောင် လောင်ကျွမ်းနေတဲ့
နွေရာသီရဲ့ အရောင်မဆိုးသော နေ့ရက်များဟာ
တစ္ဆေဆန်ဆန်...ညှိုးလျော်နေပါတယ်...
ပြက္ခဒိန်ထဲက စနေတစ်ရက်ဟာဖြင့်
လွန့်လူးပျင်းတွဲစွာ...ခုန်ပေါက်နေရဲ့
ဟော...... သင်တို့ကြားရဲ့လား
တ၀ုန်းဝုန်း ကျယ်လောင်သံများနဲ့
သူတို့ဟာ...တစ်စင်းပြီးတစ်စင်း
ကျွန်တော့်...ကျောပေါ် ဖြတ်နင်းကျလိမ့်ဦးမယ်
ပြီးတော့......နေ၀င်သွားကြမယ်
ပြီးတော့...နေထွက်လာဦးမယ်
ပြီးတော့..... မိုးတွေရွာ
ပြီးတော့.....နှင်းတွေကျ
ပြီးတော့......
ပြီးတော့......
ကျွန်တော်ကတော့ အေးစက်စက်မျက်နှာထားနဲ့
ထုံးစံအတိုင်းလဲလျောင်းနေရပါဦးမယ်
သက်တန့်ချို
အောက်တိုဘာလ ၉ ရက်နေ့
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
နင်...ဘယ်မှာလဲကွယ်
နင်...ဘယ်မှာလဲကွယ်
ရနံ့တွေ သင်းသင်းဝေတဲ့ ပန်းခင်းထဲ
ကဝေဆန်သော အနုပညာများ စီးဆင်းနေပါတယ်
မှော်စာတစ်ဖက်...မီးတုတ်တစ်ဖက်
အရှေ့အရပ်မှာ..ရောင်နီတွေပျို့လာပုံက..လင်းဝေလွန်းနေတယ်
နက္ခတ်တစ်စုံနဲ့....ကြယ်တွေမစုံတဲ့ည
လရောင်ဟာ ဝေ့၀ဲရစ်သိုင်းထားသလိုမျိုး
ပင်လယ်ဟာ လှို့ဝှက်မှုကို ဖန်ဆင်းထားတယ်
ချစ်သူပျောက်ကိုဖြင့်...လူငယ်တစ်ယောက်ဟာ
ကဗျာတွေ တဖျောက်ဖျောက်ရွတ်ဆိုရင်း
တိမ်ဆိုင်တွေကြားဝယ်....
သော့သော့နှင်တဲ့ လေညှင်းတွေကြားဝယ်.....
ပြာလဲ့ဝိုးရီသော ...ကောင်းကင်ဖြူဝယ်....
သင်တို့ ...ရေးအပ်သော ကဗျာများအလယ်
မေ့မေ့မူးမူး လိုက်လို့ရှာနေပါတယ်...
အို...နင်ဘယ်မှာလဲ ချစ်သော နှင်းဆီရယ်
လွမ်းနေ
အောက်တိုဘာ လ ၈ ရက်နေ့
မိုးမရွာသော အရပ်
မိုးမရွာသော အရပ်
ဘယ်တူတာမှာ အဆုံးသတ်ရမလဲ
ငါက...တောမရောက်တောင်မရောက်ကောင်ပါကွယ်
အစွမ်းကုန်ပစ်တင်မလို့
လေးညှို့ကို တင်ပြီးခါမှ
နှင်းထုပါးပါးက...လွှမ်းခြုံကာဆီးတယ်
ယုံကြည်ရာကို...ပျိုးလိုက်စမ်းပါချစ်သူ
တို့ဘ၀တွေ တို့ဖန်တီးနိုင်ရဲ့
ဟိုးအဝေးမှာ ပွဲတော်သံတွေ
ခြေချစရာ မြေမရှိမှတော့
ကိုယ့်အတောင်ကိုယ်ချိုး...ငါခပ်ဆိုးဆိုးပဲနေလိုက်တယ်
ဂစ်တာတစ်လက်ရဲ့အတွင်းသဏ္ဍာန်မှာ
နှင်းဆီရနံ့တွေ...
အုံ့အုံ့ပျပျလေး...သင်းရီနေပါတယ်
ဒီတစ်ညရဲ့အမှောင်ထုကလည်း
မဟူရာသွေးတို့..ကင်းဗတ်စပေါ် လောင်းသွန်ထားသလိုမျိုး
ပိန်းပိတ်နက်ရှိုင်းလွန်းလှတယ်
ငါ့...သတ္တိခဲမလေးရေ
အနောက်တောင်ထောင့်မှာ ပြန့်ကျဲ
အစွဲအလမ်းကြီးသူတို့သာ မြင်နိုင်တယ်ကွဲ့...
မျက်ရည်စအချို့...၀န်းခိုအိတွဲ
ဒီတစ်ပွဲလည်း ...သရေ လို့တော့နင်မပြောလိုက်နဲ့ကွယ်
ဒီလို ... ခပ်တည်တည်ပဲ
ကံကြမ္မာနဲ့ ဘ၀ကို ငါ လက်တစ်ဖက်စီ ဆုပ်ကိုင်ထားတယ်
နင်ဘာရွေးမလဲ..အချစ်ရယ်
ရယ်စရာတော့ကောင်းနေမလားပဲ
အဲဒီအရပ်မှာ ဘယ်တော့မှ မိုးမရွာဘူးတဲ့
လွမ်းနေ
အောက်တိုဘာ ၇ ရက်နေ့
Saturday, October 8, 2011
ကြေကွဲတေး
အသက်တွေ ကြီးလာမှ
အချိန်တွေက တန်ဖိုးပိုကြီးလာ
ကျကွဲသွားတဲ့ အိပ်မက်တွေအတွက်
ဘယ်သူမှ လျော်ကြေးပေးမှာ မဟုတ်ဘူး။
ပုံမှန်အသက်ရှုနေရုံနဲ့
ဘဝကို ထုဆစ်လို့ရမယ် ထင်သလား...
ရွှေဖြစ်ကြောင်း သက်သေပြဖို့
ဘယ်တော့မှ ကြိုးစားမှာ မဟုတ်ဘူး။
လွဲချော်မှုတွေနဲ့ နေသားကျဖို့
ပြောင်းလဲခြင်းကို လက်ခံရလိမ့်မယ်။
မျှော်လင့်လို့ မသင့်တဲ့အရာကို
မျှော်လင့်နေတာလောက်
နာကျင်စရာ ကောင်းတာ ရှိပါဦးမလား။
ဖြစ်ချင်တဲ့ ဆန္ဒတွေ များနေပေမယ့်
လမင်းက
ကမ္ဘာတခြမ်းမှာပဲ အမြဲသာနေတော့
ဘုရားရှိခိုးတိုင်း
ဆုမတောင်းဖြစ်တာ ကြာ.. ပြီ..။
Tuesday, October 4, 2011
အဲဒီတစ်နေ့က..နေ၀င်ချိန်စောသွားခဲ့တယ်
အဲဒီတစ်နေ့က..နေ၀င်ချိန်စောသွားခဲ့တယ်
အဲဒီတစ်နေ့က...
မှုန်မှိုင်းဝေသီနေပုံများပြောပါတယ်
စိတ်တံခါးကို ဖျက်ကနဲဖွင့်တဲ့ခဏ
အလင်းတန်းတချို့က ဖြာကနဲစီးကျလာတယ်
သွေးစက်တွေလား
မျက်ရည်စတွေလား
ခံနိုင်ရည်တစွန်းတစနဲ့
သိမ်းထုပ်ရက်လုပ်ထားသော နှောင်ကြိုးအချို့မှာ
နင့်အတွက်..ငါ့ရဲ့ ၀ှက်ဖဲလေးတစ်ချပ်ရှိတယ်
ဝန်ရိုးစွန်းတစ်ဖက်ခြမ်းစီမှာ
ခရမ်းပြာအိပ်မက်တို့ သယ်ပိုးလို့
ငါတို့...ခရီးနှင်နေကြဆဲ...ချစ်သူ
ဟော....ဆောင်းနှင်းသံတွေကြားရပြီတဲ့
ကိုယ့်ကံကြမ္မာကိုပဲ လောင်းကြေးထပ်လိုက်တယ်
နင်..ဘယ်ဖက်ကနေမလဲကွယ်
ရှင်းသန့်သော ရုပ်ပုံအကြည်လွှာအားလုံး
ဖြတ်သန်းစီးဆင်းလို့
ငါ့ရင်ခွင်မှာ...စမ်းချောင်းကလေးတွေရှိတယ်
စက္ကူလှေကလေးတွေခေါက်
ဖဲကြိုးဝါကလေးတွေဆင်မြန်းရင်း
ယုဇနပင်တွေကြား
စွယ်တော်ရွက်တွေကြား
ချစ်သူတို့ ထိုင်သော ခုံတန်းလျားများ
အရာရာမှာ...နေ၀င်ချိန်က စောလွန်းနေတယ်
ရင်ခွင်တံခါးကိုဆွဲဖွင့်လို့
ဟိုးကောင်းကင်ပွဲတော်တွေဆီ
ပျံသန်းချင်တယ်
ရာစုနှစ်တစ်ခုစာ
ငါဟာ...အချစ်သူရဲကောင်းလည်းဖြစ်ရဲ့
လောကမာယာကိုတော့ နားမလည်ခဲ့ဘူး
တွေ့ဆုံချိန်ခဏ
အဲဒီ...လာမယ့် ညနေခင်းတွေမှာ
နေ၀င်ချိန်အခိုက်အတန့်လေး
ရပ်တန့်..ဆည်းဆာရောင်...လှိုင်းခတ်တွေကြား
ငါ့ထိပ်ထား
အို...............
........
အဲဒီတစ်နေ့
မှုန်မှိုင်းဝေသီနေပုံများပြောပါတယ်
လွမ်းနေခွင့်
အောက်တိုဘာ ၄ ရက်နေ့
သူမနှင့် မျှော်လင့်ခြင်းအလင်းတန်းများ
သူမနှင့် မျှော်လင့်ခြင်းအလင်းတန်းများ
နံနက်ခင်းရဲ့နေခြည်
သူမအပေါ် ဖြာဆင်းနေပုံက
ဒရမ်သံ..ခပ်ကြမ်းကြမ်းကို
ဖောက်ခွဲတီးခတ်ရသလိုမျိုး
ကမ္ဘာမြေကို တုန်ဟီးမိန်းမောစေတယ်
အကြည့်တစ်ချက်...
အဲဒီ အကြည့်လေးတစ်ချက်နဲ့
ဆိတ်ဖလူးပန်းရနံ့တွေသင်းဝေခဲ့
မျှော်လင့်ခြင်းအလင်းတွေ
လင်းဝေဖြာခဲ့
သူမ ဆံနွယ်ခက်ကလေးတွေ
ကျွန်တော့်ရင်ထဲ..ညို့ညို့ဝေေ၀
မျက်ဝန်းကလေးတွေ ၀င့်လက်သောတခဏ
လှုပ်ခတ်တုန်ခါသံများ (အိုး ) ရင်ထဲအထိအောင်
အေးခဲသောရေကြည်များနွေးစေ
အခါခါလည်း...ပင့်သက်ဝေ
ကျွန်တော့်အကြောင်းများလည်း
...(သူ)...တွေးနေစေ....
သက်တန့်ချို
၎ ၊ ၁၀ ၊ ၂၀၁၀
Monday, October 3, 2011
ခဏ
ပြုံးနေချင်တဲ့ ဆန္ဒ နဲ့
ရှုံးပြီးရင်း ရှုံးနေရတဲ့ ဘဝမှာ
အတုံးအရုန်း လဲကျရတာလည်း
ခဏ ခဏပါပဲလား...။
အနုသယ မကင်းသမျှ
သမုဒယ တင်းရတာမို့
ဝေခွဲ မရစွာ
တွေဆဲ “ခဏ”မှာ
သေလည်း “ခဏ” သာ....။
သို့.......မေမေ
                          မေမေရေ
                           သားလျှောက်မယ့်လမ်းမှာ
                          ပန်းတွေချည်းစေလို့ ဆုတောင်းဖို့မလိုပါဘူုး
                          လက်သည်းချွန်တွေသိပ်များတဲ့
                          မှော်ဆရာဟာ လောကဓံပါ.....မေမေ
                          ဒုက္ခပန်းတွေဝေနေတဲ့ တောင်ကုန်းမို့မို့ပေါ်
                          မရပ်မနား အပြေးတက်သွားပါရစေ
                          တစ်ချိန်ချိန်မှာတော့...
                          အောင်မြင်ခြင်းနှင်းဆီကို ကိုက်ချီဆောင်ယုလို့
                          လေဆန်လမ်းကနေ သားပျံသန်းလာခဲ့ပါ့မယ် ...မေမေ
                          အမှောင်ထူထူ မြူတွေရစ်သိုင်းနေတဲ့ တောနက်နက်တွေထဲ
                          သားတစ်ယောက်တည်း သွားရဲစေဖို့
                          မေမေ့မေတ္တာတရားတွေဟာ ချပ်ဝတ်တန်ဆာပါပဲ
                          ဘယ်တော့ ညွှတ်ကျသွားမှာမဟုတ်တဲ့ခြေထောက်တွေရယ်
                          ပွက်ပွက်ထနေတဲ့ သွေးတွေရယ်ဟာ သားရဲ့အင်အားပါ...မေမေ
                         တောက် တစ်ချက် ခပ်မာမာခေါက်လို့
                         လမ်းကြမ်းတွေပေါ် ပြေးလွှားနေဦးမှာ မေမေ့သား ကျွန်တော်ပါ......၊၊
                                                                                                  မောင်ရေချမ်း
Sunday, October 2, 2011
အလင်းပြာ ... တစ်ည
အလင်းပြာ ... တစ်ည
မာယာတို့တေးသွား
အလင်းပြာပြာတစ်ည
ဒီတခဏတော့
ငါ...မှိုင်းညို့ အေးခဲနေချင်သေးတယ်
ဟိုးအဝေးမှာ...နှင်းတွေ...နှ င်းေ တွ . . . .
တဖျောဖျော....တသောသော
ငါ့ရင်ထဲ...ဘောင်ဘင်ခတ်လို့
ညဟာ...ပြာရီလွမ်းဆွတ်ဖွယ်ကောင်းတယ်
မျှော်လင့်ချက်တချို့ကို ပျိုး
အစွဲအလမ်းကိုထုပ်ပိုးလို့
ငါ...နှင်ခဲ့တဲ့ခရီးတလျှောက်
ကျပျောက်ခဲ့ရတဲ့..မာနတွေကလည်းအများသား
သေနတ်သံကြားမှ
ရင်အုံမှာ ဆူးကနဲဖြစ်သွားမှန်းသတိထားမိတယ်
ချစ်သူရယ်...
နင်လိမ်းကျံတဲ့ သနပ်ခါးရည်ပါးပါးမှာ
ငါဖော်မထုတ်နိုင်တဲ့
အလင်္ကာလှလှ..လေးတွေရှိနေသေးတယ်
(အချိန်ရရင်တော့)
ကဗျာတစ်ပုဒ်လောက်ထပ်ရေးချင်ရဲ့
မတွေ့ဆုံနိုင်တဲ့ဆွေးမြေ့နေ့ရက်တွေမှာ
နွေ...မိုး...ဆောင်း . . . . . . .
အကြောင်း သုံးပါးစလုံးက
ကဝေဆန်စွာ ပြုံးရီနေကြတယ် . . . .
အဘယ်သို့သော..ကျိန်စာမိုးရေတွေစိုစွတ်ခဲ့လို့
ငါတို့..ဝေးကွာနေခဲ့ရသလဲ ?
နင်..တစ်ခုတော့မမေ့ပါနဲ့ချစ်သူရယ်
ဇင်ယော်ငှက်လေးတွေဝဲပျံတိုင်း
လေညှင်းကလေးတွေတိုးဝှေ့တိုင်း
သံစဉ်လေးတွေညည်းတွားတိုင်း
ပင်လယ်သံတွေ ကြားရတိုင်း
. . . . . . . . . . . . . . . . .
သဲသောင်ပြင်ဖြူလွှလွှပေါ်
ချစ်သူနာမည်ကိုထွင်းရေး
ကိုယ့်အသဲပေါ်ဓါးနဲ့ပြန်စိုက်
ခပ်မိုက်မိုက် ကဗျာဆရာဆရာတစ်ယောက်ရှိခဲ့ဖူးတယ်ဆိုတာ
. . . . . . .
. . . . .
. . .
လွ မ်းေ န ခွ င့်
ေ အာ က် တို ဘာ ၁ ရ က် ေ န ႕